Dynasty Warriors

 Dynasty warriors လို့ပြောလိုက်တာနဲ့ အရင်ကအချိန်တွေကိုပြန်သတိရစေမှာပါ ။

ဒီနေ့မှာ Gamers တိုင်းသိတဲ့ Dynasty warriors လို့ခေါ်တဲ့ ရှေးပုံစံစစ်တိုက်ရတဲ့ ဂိမ်းကို သိကြမှာပါ။ Playstation Protable , Playstation 2 , Andorid , Ps 4 ထိ ထွက်ခဲ့ပါတယ် ။ Dynasty warriors မဆော့ခင် God Of War Zhao Yun ဆိုတဲ့ Series ကို အရင်ကြည့်ကြည့် ပါ အဲဆို Gameထဲက Character တွေကို ရင်းနှီးသွားမှာပါ။ 



လူကြိုက်လည်းများသလိုဆော့လို့လည်းကောင်းပါတယ်။ Game ရဲ့ပုံစံက ရှေးခေတ် စစ်သူကြီး ပုံစံမျိုးနဲ့ ကိုယ် တပ်သားတွေနဲ့အတူ စစ်တိုက်ရမဲ့ဂိမ်းပါ။ ပထမဆုံးအနေနဲ့ PSP Dynasty warriors အကြောင်းနဲ့အရင်စလိုက်ရအောင်, ဒီ ဂိမ်းကိုတော့ 2004 December 16 မှာစတင်ထွက်ရှိခဲ့တာဘဲဖြစ်ပါတယ်။ Developer အနေနဲ့ Omega Force & Koei Tecmo တို့ကနေ ထုက်ခဲ့တာဘဲဖြစ်ပါတယ် ။ Andoridပေါ် မှာဆို PsP emulator နဲ့ဆော့လို့ရပါတယ်။ Offline Game ဖြစ်တာကြောင့် ဆော့ရအရမ်းကောင်းပါတယ် ။ Graphics ပိုင်းမှာဆိုရင် ထွက်ထားတာကြာပြီးဆိုတော့အခုခေတ် ဂိမ်းတွေ လောက်တော့မကောင်းဖူးပေါ့ဗျာ ။ ဒါပေမဲ့ ကြည့်လို့မိုက်တဲ့ Graphics ကြောင့် ဆော့လို့ကောင်းပါတယ်။ ရန်သူ ရဲ့ တပ် စခန်းတွေကို လိုက်သိမ်းရမဲ့ဂိမ်းမျိုးပါ ကိုယ်တိုင် 3D ပုံ စံမျိူးနဲ့ဆော့ရမဲ့ ဂိမ်းတစ်ခုဘဲဖြစ်ပါတယ် ။ ရန်သူမြို့ရိုးတွေ , ရန်သူ့နန်းတော်‌ ‌တွေ , ရန်သူဘက် က စစ်သူကြီးတွေနဲ့ တိုက်ရတာအရမ်းမိုက်လွန်းပါတယ် ။  



PS2 မှာလည်း ဒီဂိမ်းကထွက်ရှိခဲ့ပါတယ် Andorid ပေါ်မှာတော့လို့ရပေမဲ့ File Size များလို့မပြောတော့ပါဖူး ။ 

Andorid ပေါ် ကိုတော့ 2022 January 15 ရက်နေမှာရောက်ရှိခဲ့ပါတယ်။ Game ကတော့ Online Game ပုံစံမျိုးပါ ။ 

Open World လိုပုံစံမျိုးနဲ့ ရန်သူတွေတွေရဲ့ တပ်တွေကို လိုက်သိမ်းရမဲ့အပြင် , P V P လည်းပါ‌တာကြောင့်ဆော့လို့ကောင်းပါတယ် ။ 


Download ဆွဲတဲ့အခါ 68 MB လောက်သာအရင် စဆွဲရပြီး In Game မှာ 2.4 GB လောက်တော့ပြန်‌ဒေါင်းရပါတယ် ။ အခုမှ ထွက်တဲ့ ဂိမ်း‌ဆိုတော့ Graphics Gameplay ကတော့ ပြောစရာမလိုဖူးဗျ။ Naruto Slugfest လိုပုံစံမျိုးပါ ဘဲ ကျွန်တော်ကတော့ Mobile ထပ် PSP ဆော့ရပိုကြိုက်တယ်။


DW PsP Review Gameplay

 Dynasty Warriors Mobile Playstore

Dynasty Warriors PsP




#GoldenElephant #DynastyWarriors

Comments

Popular Posts